မြန်မာ | Burmese

လိမ္မော်ရောင်တံခါး (Orange Door) သည် မိသားစုအကြမ်းဖက်မှုကိစ္စအပြင် ကလေးများ ကျန်းမာပျော်ရွှင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှု လိုအပ်နေသော မိသားစုများကိုပါ ကူညီပေးပြီး ပံ့ပိုးပေးသည်။ Information about The Orange Door in Burmese.

မြန်မာစာဖြင့် အချက်အလက်

လိမ္မော်ရောင်တံခါး (Orange Door) သည် မိသားစုအကြမ်းဖက်မှုကိစ္စအပြင် ကလေးများ ကျန်းမာပျော်ရွှင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှု လိုအပ်နေသော မိသားစုများကိုပါ ကူညီပေးပြီး ပံ့ပိုးပေးသည်။

ရံဖန်ရံခါ အိမ်တွင် သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးတွင် အဆင်မပြေဖြစ်တတ်ပြီး သင် အကူအညီနှင့် ပံ့ပိုးမှုအချို့ လိုအပ်ပါသည်။ လိမ္မော်ရောင်တံခါးသည် သင့်ပြောမည်ကို နားထောင်ပေးပြီး လိုအပ်သော ပံ့ပိုးမှုအား လျင်မြန်ချောမောစွာ ရရှိရေးကို ကူညီပေးရန် ရှိနေပါသည်။

အကယ်၍ သင့်တွင် လက်ငင်း အန္တရာယ် ရှိပါက သုညသုံးလုံး (၀၀၀) သို့ ဖုန်းခေါ်ပါ။

လိမ္မော်ရောင်တံခါးသည် အောက်ပါအခြေအနေများကို ကူညီပေးနိုင်သည်-

  • ကလေးပြုစုပျိုးထောင်ရေးတွင် အကူအညီလိုနေလျှင်၊ သို့မဟုတ် ကလေး သို့မဟုတ် လူငယ်တစ်ဦး၏ ကျန်းမာပျော်ရွှင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုးရိမ်ပူပန်နေလျှင်
  • သင့်အိမ်ထောင်ဖက်၊ အိမ်ထောင်ဖက်ဟောင်း၊ မိသားစုဝင် သို့မဟုတ် ပြုစုစောင့်ရှောက်ပေးသူ စသော သင်နှင့်ရင်းနှီးသူ တစ်ဦးဦးက သင့်အား ကြောက်လန့်စေသည် သို့မဟုတ် အန္တရာယ်ရှိစေသည်ဟု ခံစားရလျှင်
  • အန္တရာယ်ရှိသည် သို့မဟုတ် ဂရုစိုက်ခြင်းမခံရဟု ခံစားရသော ကလေး သို့မဟုတ် လူငယ်တစ်ဦး ဖြစ်နေလျှင်
  • အိမ်တွင် သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးတွင် ရိုင်းစိုင်းသော သို့မဟုတ် ချုပ်ကိုင်သောအပြုအမူများကို လုပ်လာမည့် အန္တရာယ်ရှိလျှင် သို့မဟုတ် ဤအပြုအမူများနှင့်ပတ်သက်ပြီး အကူအညီလိုအပ်လျှင်
  • သင့်အသိတစ်ယောက်၏ လုံခြုံရေးအတွက် သင် စိုးရိမ်နေရလျှင်
  • သင်သွားသည့်နေရာ၊ သင်တွေ့သည့်လူ သို့မဟုတ် သင်ငွေကြေးသုံးစွဲပုံကို တစ်ဦးဦးက စောင့်ကြည့်နေခြင်းကဲ့သို့ ချုပ်ကိုင်သော အပြုအမှုများ အပါအဝင် မိသားစုအကြမ်းဖက်မှုကို သင် ကြုံတွေ့ခဲ့ရလျှင်

လိမ္မော်ရောင်တံခါးသည် အောက်ပါနည်းတို့ဖြင့် ကူညီနိုင်ပါသည်။

  • သင်ပြောသည်ကို သေချာ နားထောင်ပေးခြင်းပြီး သင့်စိုးရိမ်ပူပန်မှုများကို နားလည်ပေးခြင်း
  • သင်လိုအပ်သော အကူအညီနှင့် ပံ့ပိုးမှုများကို ဖော်ထုတ်ပေးရန် သင်နှင့်အတူ လက်တွဲ လုပ်ဆောင်ပေးခြင်း
  • ကလေးများနှင့် လူငယ်များ၏ ကျန်းမာပျော်ရွှင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို သင့်အား ပံ့ပိုးပေးခြင်း
  • သင်နှင့် သင့်ကလေးများ ဘေးမသီရန်မခ ဖြစ်စေရန် အန္တရာယ်ကင်းရေး အစီအစဥ်တစ်ရပ် သင် ပြုလုပ်ရာတွင် ကူညီပေးခြင်း
  • ဆွေးနွေးလမ်းညွှန်ခြင်း၊ နေရာထိုင်ခင်းစီစဉ်ခြင်း၊ မိသားစုအကြမ်းဖက်မှုအတွက် ပံ့ပိုးခြင်း၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးနှင့် အရက်ဝန်ဆောင်မှုများ၊ ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ ပံ့ပိုးကူညီရေးအဖွဲ့များ၊ ကလေးများအတွက် ဝန်ဆောင်မှုများ၊ ငွေကြေးအကူအညီ သို့မဟုတ် ဥပဒေအကူအညီများကဲ့သို့သော ကူညီပေးနိုင်သည့် ဝန်ဆောင်မှုဌာနများနှင့် ချိတ်ဆက်ပေးခြင်း
  • အခြေခံလူနေမှု ကုန်ကျစရိတ်များနှင့် အခြားကုန်ကျစရိတ်များအတွက်ထောက်ပံ့ငွေရရှိရန် သင့်အား ပံ့ပိုးပေးခြင်း
  • အိမ်တွင် သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးတွင် ရိုင်းစိုင်းသော သို့မဟုတ် ချုပ်ကိုင်သော အပြုအမူကို သင် သုံးနေပါက ပြောင်းလဲရန် သင်နှင့်အတူ လက်တွဲလုပ်ဆောင်ပေးခြင်း

လိမ္မော်ရောင်တံခါးကို မည်သို့ ရယူနိုင်မည်နည်း။

လိမ္မော်ရောင်တံခါးသည် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပါသည် (အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်)။

သင့် ဒေသတွင်း ဝန်ဆောင်မှုဌာနကို သိရှိရန် နေရာ သို့မဟုတ် စာတိုက်သင်္ကေတဖြင့် ရှာပါ။ 

နားကြားအကူပစ္စည်းသုံးသူ သို့မဟုတ် နားမကြားသူအတွက် လက်ဟန်ပြစကားပြန် Auslan အပါအဝင် စကားပြန်တစ်ဦး လိုအပ်လျှင် လိမ္မော်ရောင်တံခါးသည် သင်အား လုပ်ကိုင်ပေးနိုင်ပါသည်။

စကားပြန် လိုပါသည်။

စကားပြန်လိုအပ်ပါက ဝန်ဆောင်မှုဌာနအား အသိပေးပါ။ ဝန်ဆောင်မှုဌာနကို အသိပေးရမည်မှာ-

  • သင့်ဖုန်းနံပါတ်
  • သင့်ဘာသာစကား
  • ဖုန်းပြောရန် ဘေးကင်းမည့်ချိန်

ထို့နောက် စကားပြန်က သင့်ကို ဖုန်းပြန်ခေါ်ပေးပါမည်။

လိမ္မော်ရောင်တံခါးသည် ကျွန်တော့်အတွက် အဆင်ပြေသော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသလား။

လိမ္မော်ရောင်တံခါးသည် အသက်မရွေး၊ ကျားမမရွေး၊ လိင်အကျင့်မရွေး၊ ယဉ်ကျေးမှုမရွေး၊ အရည်အချင်းမရွေး လူတိုင်းကို ကြိုဆိုပါသည်။ အားလုံးသော ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ ‌ရွေးချယ်မှုများကို လက်ခံအလေးထားပါသည်။ အကယ်၍ သင် အမျိုးသား သို့မဟုတ် အမျိုးသမီး ဝန်ထမ်းနှင့်သာ ရွေးချယ်အလုပ်လုပ်လိုလျှင် ဝန်ထမ်းအား အသိပေးပါ။ လူတစ်ဦးချင်းစီနှင့် မိသားစုများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်၊ လိမ္မော်ရောင်တံခါးသည် ယဉ်ကျေးမှုပေါင်းစုံ ဝန်ဆောင်မှုဌာနများ၊ LGBTI ဝန်ဆောင်မှုဌာနများနှင့် မသန်စွမ်းမှုဆိုင်ရာ ဝန်ဆောင်မှုဌာနများနှင့် ပူးပေါင်းအလုပ်လုပ်ပါသည်။ ဝန်ထမ်းများသည် လုပ်နိုင်သည့်နည်းလမ်း အကြောင်းချင်းရာများ သင့်အား ပေးပါမည်၊ ထို့ပြင် သင်လိုအပ်သော ဝန်ဆောင်မှုဌာနများနှင့် ချိတ်ဆက်ပေးပါမည်။

အကယ်၍ သင် ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် ဒုက္ခသည်တစ်ဦး ဖြစ်ပါက သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူ မဖြစ်သေးပါက၊ ကျွန်တော်တို့ သင့်အား ကူညီနိုင်ပါသေးသည်။ သင်၏ ရွှေ့ပြောင်းနေထိုင်မှု အဆင့်ကြောင့် အကူအညီ တောင်းခံရန် ဝန်မလေးပါနဲ့။ ဤဝန်ဆောင်မှုမှာ အခမဲ့ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ သင့်အခြေအနေကို တယ်လီဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ဆွေးနွေးလိုပါက လိမ္မော်ရောင်တံခါး ဝန်ထမ်းများအား အသိပေးပါ။

လိမ္မော်ရောင်တံခါး မဖွင့်ချိန်တွင် ဘယ်သွားသင့်ပါသလဲ။

ဖွင့်ချိန်ပြင်ပတွင် အောက်ပါဝန်ဆောင်မှုဌာနများကို ဆက်သွယ်ပါ-

  • အမျိုးသား ဆွေးနွေးအကြံပေး ဝန်ဆောင်မှုဌာန (Men’s Referral Service) ဖုန်း ၁၃၀၀ ၇၆၆ ၄၉၂ ကိုဆက်သွယ်ပါ (တနင်္လာနေ့မှ သောကြာနေ့တို့တွင် နံနက် ၈ နာရီမှ ည ၉ နာရီနှင့် တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နံနက် ၉နာရီမှ ညနေ ၆နာရီ) (အမျိုးသားများ၏ မိသားစု အကြမ်းဖက်မှုကိစ္စကိုတယ်လီဖုန်းဖြင့် ဆွေးနွေးလမ်းညွှန်ပြောဆိုရေး၊ သတင်းအချက်အလက်ဖြန့်ချီပေးရေးနှင့် အခြားဝန်ဆောင်ဌာနများသို့လွှဲပို့ပေးရေး ဝန်ဆောင်မှု)
  • Safe Steps သည် မိသားစုအကြမ်းဖက်ခံရသူများအား ပံ့ပိုးပေးသည့် ဝန်ဆောင်ဌာနဖြစ်သည် ဖုန်း ၁၈၀၀ ၀၁၅ ၁၈၈ (တစ်ပတ် ၇ရက်၊ တစ်ရက် ၂၄နာရီ) Safe Steps သို့လည်း  အီးမေးလ်ပို့နိုင်သည် သို့မဟုတ် ၎င်းတို့၏ အချိန်နှင့်တစ်ပြေးညီ စာရေးစကားပြော ဝက်ဘ်ဆိုက် ပံ့ပိုးဝန်ဆောင်မှုကို      အသုံးပြုနိုင်သည်
  • ပြစ်မှုကျူးလွန်ခံရသူများ (ပြစ်မှုကျူးလွန်ခံရသူအားလုံးနှင့် မိသားစုအကြမ်းဖက်ခံရသည့် အရွယ်ရောက်သူ အမျိုးသားများအတွက်) ဖုန်း ၁၈၀၀ ၈၁၉ ၈၁၇ သို့မဟုတ် အမှာစာတိုအတွက် ဖုန်း ၀၄၂၇ ၇၆၇ ၈၉၁ (နေ့စဉ် နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ)
  • Sexual Assault Crisis Line သည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများ အတွက်ဖြစ်သည်၊ ဖုန်း ၁၈၀၀ ၈၀၆ ၂၉၂ (တစ်ပတ် ၇ရက်၊ တစ်ရက် ၂၄နာရီ)

သင် သို့မဟုတ် အခြားတစ်ဦးဦးတွင် လက်ငင်းအန္တရာယ်ရှိပါက အရေးပေါ် အကူအညီအတွက် သုညသုံးလုံး (၀၀၀) သို့ ဖုန်းခေါ်ပါ။

သဘောထားမှတ်ချက်ပေးခြင်းနှင့် အနှောင့်အယှက်ကင်းစွာနေထိုင်ခွင့်

လိမ္မော်ရောင်တံခါးနှင့် ပတ်သက်သည့် သင်၏အတွေ့အကြုံကို ဝက်ဘ်ဆိုက် orangedoor.vic.gov.au/feedback ရှိ အွန်လိုင်း သဘောထားမှတ်ချက်ပေးသည့်ပုံစံကိုသုံးခြင်းဖြင့် ပေးပို့နိုင်သည် သို့မဟုတ် ၁၈၀၀ ၃၁၂ ၈၂၀သို့ ဖုန်းခေါ်ဆိုပြီး သင်၏ ဝန်ထမ်း၊ ကြီးကြပ်ရေးမှူး သို့မဟုတ် မန်နေဂျာနှင့် စကားပြောဆိုရန်တောင်းဆိုခြင်းဖြင့် ပေးနိုင်သည်။

ကျွန်တော်တို့သည် သင်၏ အနှောင့်အယှက်ကင်းစွာနေထိုင်ခွင့်ကို အလေးအနက် ခံယူပါသည်။ သင့်အချက်အလက်များကို ကျွန်တော်တို့ မည်ကဲ့သို့ အသုံးပြုမည်ကို သိရှိရန် ကျွန်တော်တို့၏ အနှောင့်အယှက်ကင်းစွာနေထိုင်ခွင့် မူဝါဒကို ဖတ်ရှုပါ။

Updated